Powered By Blogger

Sunday, August 5, 2018

Auto SMS Schduler / Sender (Android)



Auto SMS Schduler / Sender (Android)

SMS တွေကို အချိန်သတ်မှတ်ပြီးပေးပို့ချင်သူတွေ သုံးစွဲနိုင်မယ့် app ဖြစ်ပါတယ်။ Birthday SMS, Holiday SMS ကဲ့သို့ စာတိုတွေကို သူငယ်ချင်းအပေါင်းအသင်းတွေကို ပေးပို့လိုတဲ့အခါမှာ သက်ဆိုင်ရာ အချိန်ရောက်မှ ပေးပို့နိုင်ရန်အတွက် စီစဉ်ပေးထားပါတယ်။

Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Download ယူရန် Playstore

Monday, March 23, 2015

Call of Duty@: Heroes version 1.5.0

မ​နေ့က update ထွက်​တာ​လေးဒီ​နေ့တင်​​ပေးလိုက်​ပါတယ်​ဗျာ။
ကျွန်​​တော်​အကြိုက်​ဆုံး game ​ပေါ့။
Clash of Clans ထက်​ပိုကြိုက်​တယ်​ဗျ။
Game ရဲ့ graphic နဲ့ features ​တွေကအရမ်းမိုက်​တယ်​ဗျ။
Heroes ဆိုတဲ့အတိုင်း Heroes ​တွေကိုကြိုက်​သလို command ​ပေးပြီး တိုက်​လို့ရတာကိုက အရမ်းသ​ဘောကျဖို့​ကောင်းတယ်​။
ကျွန်​​တော်​တို့ရဲ့ clan ကိုလည်းလာ​ရောက်​လည်​ပတ်​ join နိုင်​ပါတယ်​။ Clan ရဲ့ name က HT M.K ပါ။

Download ယူရန်​>>> Dropbox

Friday, September 12, 2014

Cash4Call

Phone တစ်​ခါဝင်​တိုင်း ၅ကျပ်​ရမည့်​ apk ​လေးပါ။

Facebook account နဲ့ချိတ်​ပြီး log in facebook ကိုနှိပ်​လိုက်​တာနဲ့ Cash4Call ဆိုတဲ့ software ​လေးအလုပ်​လုပ်​ပါပြီ။

Internet ကိုချိတ်​ပြီး log in ဝင်​ဖို့​တော့မ​မေ့ပါနဲ့။

ပထမဦးဆုံး ph call ကိုမိမိမှာ phone အပိုရှိလို့ဘဲဖြစ်​ဖြစ်​ သူငယ်​ချင်းတစ်​​ယောက်​​ယောက်​ရဲ့ phone နဲ့ဘဲဖြစ်​ဖြစ်​​ခေါ်လိုက်​ပါ။
Internet ကိုမပိတ်​မိပါ​စေနဲ့။
စက္ကန့်​ ၃၀ စာ​ကြော်​ငြာ​လေးကိုကြည့်​ပြီးပြီဆိုတာနဲ့ ၅ကျပ်​ရပါပြီ။

Internet လိုင်းကိုပိတ်​လို့ရပါပြီ။
Phone လာတိုင်းစက္ကန့်​ ၃၀ ​ကြော်​ငြာ​လေးကို​တွေ့ရပါလိမ့်​မယ်​။

Phone ကို​ပေါ့ပါး​အောင်​ memory ကို​လျော့​ပေးတဲ့ software ​တွေသုံးမိပြီဆိုရင်​​တော့ ​ကြော်​ငြာပြန်​​ပျောက်​သွားပါလိမ့်​မယ်​။

၁၀၀၀ ကျပ်​ရပြီဆိုတာနဲ့ ​ငွေထုတ်​လို့ရပါပြီ။

Download ယူရန်​ >>> Dropbox

Wednesday, August 20, 2014

Data Usage Defender v2.1.1

မိမိတို့အသုံးပြုနေတဲ့အင်တာနက်ရဲ့data plan
ကိုတွက်ချက်တိုင်းတာကြည့်ရှုနိုင်ပါတယ်။
အင်တာနက်speed ကိုလည်းကြည့်ရှုနိုင်မယ်။
ပြီးတော့ကိုယ်ကအင်တာနက်ကိုdata အနေနဲ့
100MB သုံးမယ်ဆိုပါတော့။Adjust ထဲဝင်ပြီး
ကိုယ်သုံးမယ့်dataပမာဏကိုရိုက်ထဲ့ထားပြီးရင်
မိမိdataဘယ်လောက်သုံးလိုက်တယ်၊ဘယ်လောက်
ပမာဏအသုံးပြုဖို့ကျန်သေးတယ်၊စတာတွေကို
တွက်စစ်ကြည့်ရှုနိုင်မှာ။Ooredooအော်ရီဒူးကဒ်
နဲ့data plan သုံးတဲ့သူတွေအတွက်အဆင်ပြေစေ
ပါတယ်။ပြီးတော့နောက်ကွယ်မှာrunနေတဲ့
အင်တာနက်အသုံးပြုဆော့ဖ်ဝဲတွေကိုလည်း
ပိတ်ပေးထားလို့ရစေတာကြောင့်လည်းdata
ပမာဏအသုံးပြမှုကိုကာကွယ်သက်သာစေမှာပဲ
ဖြစ်ပါတယ်-
Apk file size 2.1MB ရှိပြီး
Android Os Version 2.1 နဲ့အထက်ရှိတဲ့
ဖုန်းများမှာထည့်သွင်းအသုံးပြုနိုင်ပါတယ်-

အောက်ကလင့်ခ်မှာဒေါင်းယူပါ-

Solidfiles

Credit to : ကို​ဇော်​သွင်​ ( နည်းပညာ )

Sunday, August 17, 2014

DiskDigger Pro v0.998 For Android

DiskDigger Pro v0.998 For Android

မိမိ​နေ့စဉ်​အသုံးပြု​နေတဲ့ Android ဖုန်း​လေး အထဲက မှားပြီးဖျက်​လိုက်​မိတဲ့ ဖိုင်​​တွေကို ပြန်​ပြီးရှာ​ပေးမယ့်​ "DiskDigger Pro v0.998" ဆိုတဲ့ application ​လေးတစ်​ခုကို တင်​​ပေးလိုက်​ပါတယ်​-

ဒီ app ​လေးကို ကိုယ့်​ရဲ့ဖုန်းထဲမှာ install လုပ်​ပြီး ထည့်​ထားလိုက်​တာနဲ့အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ကိုယ်​မှားပြီးဖျက်​လိုက်​မိတဲ့၊photo ​တွေ၊song​တွေ၊apk ​တွေ၊game ​တွေ၊အစရှိတာ​တွေကို
ပြန်​ပြီး​တော့ restore ပြန်​ဆယ်​ယူလို့ ရရှိ​စေနိုင်​ပါလိမ့်​မယ်။အခုဒီ DiskDigger Pro ဆိုတဲ့ ​ဆော့ဖ်​ဝဲ​လေးကို​တော့ မိမိတို့်​ဖုန်း​ပေါ်မှာ အရင်​ဆုံး install လုပ်​​ပေးထားရမှာပဲ ဖြစ်​ပါတယ်​-

သူ recover ပြန်​ဆယ်​ယူ​ပေးနိုင်​မယ့်​ format အမျိုးအစား​တွေက​တော့_________________

JPG, PNG, MP4 / M4A / 3GP / MOV, GIF, MP3, WAV, TIF, CR2, SR2, NEF, DCR, PEF, DNG, ORF, DOC / DOCX, XLS / XLSX, PPT / PPTX, PDF, XPS, ODT / ODS / ODP / ODG, ZIP, APK, EPUB.......

စတာ​တွေပဲ ဖြစ်​ပါတယ်​-
ဒီ apk ကိုအသုံးပြုဖို့ မိမိတို့ဖုန်းဟာ
"Root Access"ရရှိထားဖို့​တော့လိုပါမယ်​-

-Apk File Size 635KB ​လေးပဲရှိပြီး
-Android OS Version 2.2 နှင့်​အထက်​ ရှိ​သော
ဖုန်းများမှာ ထည့်​သွင်း installing လုပ်​၍ အသုံးပြုနိုင်​မှာပဲ ဖြစ်​ပါတယ်​-

DOWNLOAD Link >>> Solidfiles

Saturday, August 9, 2014

Logo-Creator v1.1(android)

-မိမိတို့ဖုန်းလေးထဲကနေLogo design တွေကို
PRO တစ်ယောက်လိုဖန်တီးရေးဆွဲလိုသူများအတွက်
"Logo Creator v1.1"ဆိုတဲ့application
လေးတစ်ခုတင်ပေးလိုက်ပါတယ်။
featuresပေါင်းများစွာနဲ့စိတ်ကြိုက်ဖန်တီးရေးဆွဲနိုင်
မှာပဲဖြစ်ပါတယ်။
ဒီappကိုအသုံးပြုဖို့online accessလိုပါမယ်။
android os version2.0အထက်ရှိရပါမယ်။
app file size ကတော့1.25MBရှိပါတယ်။
Logo creator apkအားအောက်ကလင့်ခ်မှာ
ဝင်ပြီးဒေါင်းလုပ်ဆွဲယူနိုင်ပါပြီ-

★DOWNLOAD ဆွဲရန် လင့်ခ်★

Solidfiles

Image2 App v1.06 For Android

-ဒီတစ်ခါတင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလေးကတော့
မိမိတို့ရဲ့ photo ပုံတွေကို apk အဖြစ် ပြုလုပ်လို့
ရစေမယ့် ဆော့ဖ်ဝဲလေးတစ်ခုကို တင်ပေးလိုက် ပါတယ်-

-ကိုယ်ကြိုက်နှစ်သက်တဲ့ပုံလေးတွေကို စုပြီးတော့
Apk ဆော့ဖ်ဝဲအဖြစ်ပြုလုပ်ထားရှိခြင်းဖြင့် မိမိကြည့်ရှုလိုတဲ့အခါမှာ ကိုယ်လုပ်ထားတဲ့ Apk
လေးထဲကို ဝင်ရောက်ပြီးတစ်စုတစည်းထဲ တွေ့မြင်
ရမှာဖြစ်ပါတယ်-

-ပုံတွေကို သူငယ်ချင်းတွေဆီ လက်ဆောင်ပို့ပေး
တဲ့အခါမှာ အခုလို Apk လေးပြုလုပ်ပြီးလက်ဆောင်ပေးတော့ ပိုပြီးလန်းတာပေါ့ဗျာ။
Apk ပြုလုပ်နည်းကလည်း လွယ်ပါတယ်။
Gmail အကောင့်န်တစ်ခု ရှိထားရပါမယ်-

-အရင်ဆုံးဒီဆော့ဖ်ဝဲလေးကိုဒေါင်းလုပ်ယူလိုက်ပါ-

၁။အင်တာနက်ဖွင့်ထားပါ။

၂။ဆော့ဖ်ဝဲထဲနှိပ်ဝင်ပါ။

၃။ညာဘက်အပေါ်ထိပ်ဒေါင့်နားက setting ပုံ
နေရာလေးကို နှိပ်ဝင်လိုက်ပါ။

၎။ အဲ့ဒိမှာ Join Image2 App နေရာကိုဝင်ပြီး
Gmail နဲ့ အကောင့်န်သစ်တစ်ခုလုပ်ပြီး Sign in ဝင်ပေးထားလိုက်ပါ။ပြီးရင် back နဲ့ပြန်ထွက်ပါ။

၅။ပြီးရင်အပေါ်ထိပ်နားက ခဲတံပုံနေရာကိုနှိပ်ပါ။

၆။Do You Want To Make A New App ဆိုရင် Ok ကိုနှိပ်လိုက်ပါ။

၇။App Name ဆိုတဲ့နေရာမှာ ကိုယ်လုပ်မယ့် ဆော့ဖ်ဝဲရဲ့နာမည်ကို ပေးပါ။

၈။package name ဆိုတဲ့နေရာမှာတော့
အရှေ့ဆုံးက com.ပြီးရင်ကိုယ်ထားချင်တဲ့နာမည်ရေး၊ပြီးရင် ဂဏန်းnumber ၁လုံးရေး၊ပြီးရင်
ဒေါ့တချက်ခံ၊ပြီးရင် appဆိုတာရေး၊ပြီးရင် ဂဏန်း
number ၁လုံးရေးလိုက်ပြီး ok ပေးလိုက်ပါ။
(ဥပမာ- com.kozaw1.app.2) အဲ့လိုမျိုးပါ။
package name ထည့်တာအရေးကြီးပါတယ်။
နို့မို့ဆိုရင်apkလုပ်တာမအောင်မြင်ပါဘူး။

၉။App Icon ဆိုတဲ့နေရာမှာ ကိုယ်လုပ်မယ့် Apk
ရဲ့ Logo ပုံကို ထားဖို့ ဂယ်လာရီထဲက နှစ်သက်ရာ
ပုံကိုရွေးပေးပြီး Icon ပုံထားပေးလိုက်ပါ။

၁၀။ပြီးရင် CONTENTS ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ။

၁၁။အဲ့ဒိမှာ Splash image တို့၊ကိုယ်လုပ်မယ့် ဆော့ဖ်ဝဲရဲ့ နောက်ခံ Background အရောင်တို့်
ကိုမိမိစိတ်ကြိုက်အရောင်ရွေးခြယ်လို့ရပါမယ်။

၁၂။ပြီးရင်အောက်က Add Images ဆိုတဲ့နေရာကို နှိပ်ဝင်လိုက်ပြီး ဂယ်လာရီထဲက ကိုယ်လုပ်မယ့် ပုံတွေကို တစ်ပုံခြင်းစီရွေးပေးပါ။

၁၃။ပြီးရင် back တချက်ထွက်လိုက်ပါ။

၁၂။PUBLISHER ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါ။

၁၄။အဲ့ဒိနေရာမှာ ဆော့ဖ်ဝဲလုပ်သူရဲ့ နာမည်တို့၊
website/blogspot ရှိရင်လည်း ကိုယ့်ဆိုဒ်ရဲ့
လိပ်စာတို့၊Gmail လိပ်စာတို့၊ဖုန်းနံပါတ်တို့်၊
message တို့၊introduce စကားတို့၊စသဖြင့်
ထည့်ထားပေးလို့ရပါတယ်။
ဘာမှမထည့်ချင်လည်း ရပါတယ်။

၁၅။ပြီးရင်တော့ ဘယ်ဘက်ထိပ်နားက
Edit wizard ဘေးက ခဲတံပုံနေရာကို နှိပ်လိုက်ပါ။
ok ပေးပါ။

၁၆။အဲ့ဒိမှာ My App List ဆိုတဲ့နေရာမှာ ကိုယ် ခုနက လုပ်ထားတဲ့ဆော့ဖ်ဝဲကိုတွေ့ရပါလိမ့်မယ်။

၁၇။အဲ့ဒိနေရာကိုလက်နဲ့ click တချက်နှိပ်လိုက်ပါ။
အဲ့နေရာမှာ Edit တို့၊Delete တို့၊Option တို့ကို
တွေ့ရမှာဖြစ်ပြီး၊ပြန်လည်ပြင်ဆင်တည်းဖြတ် နိုင်ပါသေးတယ်။တကယ်လို့ Edit မလုပ်ချင်တော့ပါက
ဘေးနားက Build စာသားနေရာကိုနှိပ်ပေးလိုက်ပါ
Start ကိုနှိပ်ပါ။

၁၉။Build ပြုလုပ်နေပါပြီ။
အင်တာနက်လိုင်းကောင်းနေဖို့တော့လိုပါတယ်။
Build ပြီးရင်သူ့ဟာသူ apk ကို download ဆွဲနေပါလိမ့်မယ်။Limit ပြည့်သွားရင် ကိုယ်လုပ်ထား
တဲ့ Apk လေးကိုရရှိမှာဖြစ်ပြီး မိမိဖုန်းပေါ်ကို install လုပ်နိုင်ပါပြီ။

  ပုံတွေကို Apk အဖြစ်ပြုလုပ်ခြင်းပြီးဆုံပါပြီ

-ဆော့ဖ်ဝဲအား အောက်က လင့်ခ်မှာ
ဒေါင်းလုပ်ရယူပါ-

★DOWNLOAD ဆွဲရန် လင့်ခ်★

Solidfiles