Samsung ဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ခေါက်ဖုန်း (Flip Phone) ထုတ်လုပ်မှုနဲ့နာမည်ကြီးခဲ့ပါတယ်။ Android OS သုံးဖုန်းများခေတ်စားလာအပြီးမှာတော့ Samsung ဟာ ၄င်းရဲ့ထုတ်လုပ်မှုပုံစံကိုပြောင်းလဲကာ ရှေ့မျက်နှာပြင် Touch Screen တစ်ခုတည်းပါတဲ့ Android Handset စမတ်ဖုန်းများနဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူအဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် Samsung ဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ကျင့်သုံးခဲ့တဲ့ ကုမ္ပဏီရဲ့ ဈေးကွက်မဟာဗျူဟာမြောက် အောင်မြင်ခဲ့တဲ့ Flip Phone (ခေါက်ဖုန်း) အမျိုးအစားတွေကိုလည်း မေ့လျော့ထားပုံမရပါဘူး ။ စက်တင်ဘာလ ၄ ရက်နေ့မှာပြုလုပ်မယ့် ပွဲမှာ Samsung ဟာ Samsung Galaxy Note III နှင့်အတူ Screen မျက်နှာပြင်နှစ်ခုပါတဲ့ ခေါက်ဖုန်းအမျိုးအစား Samsung Galaxy Golden ကို ထုတ်လုပ်တော့မယ်လို့ ကြေညာလိုက်ပါပြီ။
၃.၇ လက်မအရွယ် Screen မျက်နှာပြင်နှစ်ခုပါမယ့် Samsung Galaxy Golden ရဲ့ Screen Display အနေနဲ့ Samsung Galaxy S3 ရဲ့ Screen Display အမျိုးအစားဖြစ်တဲ့ Super AMOLED ကိုအသုံးပြုထားပါတယ်။ ခေါက်ဖုန်းရဲ့ မျက်နှာပြင်အဖုံးဘက်မှာ Screen တစ်ခု ၊ အတွင်းဘက်မှာ Screen တစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ Operation System အနေနဲ့ Android 4.2 JellyBean ကိုအသုံးပြုထားပြီး 1.7 GHz အမြန်နှုန်းရှိတဲ့ Dual Core Process ကိုအသုံးပြုထားတာကြောင့် ထိပ်တန်းအဆင့် စမတ်ဖုန်းလို့မဆိုနိုင်ပေမယ့် ထိပ်တန်းဝင်စာရင်းထဲပါမယ့် Android ခေါက်ဖုန်းအမျိုးအစားဖြစ်လာပါလိမ့်မယ်။ ဖုန်းရဲ့ကွန်ရက်ထောက်ပံ့ပေးနိုင်မှုအနေနဲ့ LTE Network အထိထောက်ပံ့ပေးနိုင်ပြီး ဖုန်း Camera အနေနဲ့ 8 Megapixel Camera ကိုတပ်ဆင်ထားပါတယ်။
Samsung အနေနဲ့ Samsung Galaxy Golden ဖုန်းကို ကိုရီးယားပြည်တွင်းသုံးအတွက်သာ ရည်ရွယ်တယ်လို့ အတည်မပြုရသေးတဲ့ သတင်းရပ်ကွက်တစ်ခုကလည်း ဆိုပါတယ်။ International ကိုဖြန့်မဖြန့်ဆိုတာကတော့ စက်တင်ဘာလ ၄ ရက်နေ့ပွဲကျရင် သိရမှာပါ။
Samsung Galaxy Golden ဖုန်းကို အမေရိကန် ဒေါ်လာ ၇၀၀ ၀န်းကျင်နဲ့ရောင်းချဖွယ်ရှိတယ်လို့ဆိုပါတယ်။
ခေါက်ဖုန်းအမျိုးအစားကို နှစ်သက်စွာကိုင်ခဲ့ကြတဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေအတွက်ကတော့ ယခုထွက်ရှိလာမယ့် Samsung Galaxy Golden က တစ်ခေတ်ပြန်လည်ဆန်းသစ်စေဦးမှာပါ။
Credit to >>> Thet Naing Soe
From >>> MMAS
No comments:
Post a Comment